ပန်းဘဲတန်း ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ နေဝန်းနီအထွေထွေစီးပွါးရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါအခမ်းအနားကို အသင်းဥက္ကဋ္ဌ ဦးသန်းစိုးအေးမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အသင်း၏စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေပုံကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အသင်း၏အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင် ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးနှစ်ရှင်းတမ်းများကို အသင်းအတွင်းရေးမှူးဦးဇော်မြင့်ဦးမှ ဖတ်ကြား တင်သွင်းပြီး အသင်းသားတစ်ဦးဖြစ်သူ ဦးနေမျိုးမှထောက်ခံအဆိုပြု၍ အသင်းသားများမှ သဘောတူ အတည်ပြုခဲ့ကြသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘုန်းမြင့်လှိုင်မှ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့် အသင်းများဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော အသင်းသားများအား အစုပေါ်အမြတ်များ ခွဲဝေပေးခဲ့ကြောင်း သိရသည်။
ဖြူဖြူဝင်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်