ရပ်စောက် ဇူလိုင် ၂၃
မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ရွှေဝါဝင်းနှင့်နောင်မှိုင်း မျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်း(၂)သင်းမှ မိုးစပါးသီးနှံစိုက်ပျိုးသော အသင်းသား တောင်သူများ၏ (၂၆၈)ဧကအတွက် ကျပ်(၅၃၆)သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းစုမှ ထုတ်လုပ်သော စွမ်းထက်သဘာဝမြေသြဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ရပ်စောက်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းတို့မှ မိုးစပါးသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာ သောစပါးများ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးနှင့် ရောင်းချရာ၌လည်း သတ်မှတ်ကာလ ပေါက်ဈေးဖြင့် စျေးကောင်းရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်