Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုင်းပန်လမ်းပိုင်းမှ တာဆန်းလမ်းကျောက်ချောလမ်းခင်းခြင်းဆောင်ရွက်


23 Jul,2025

မိုင်းပန် ဇူလိုင် ၂၂

            ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုင်းပန်လမ်းပိုင်းမှ တာဆန်းလမ်း ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်မည့်နေရာကို တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုသည်။

            ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် လင်းခေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဆွေဆွေဝင်း၊ မိုင်းပန်မြို့နယ်တာဝန်ခံ၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများ ကြည့်ရှုခဲ့ကြပြီး အဆိုပါလမ်းကို အရှည် ၀/၂ ဒသမ ၅ မိုင်၊ အကျယ် ၁၆ ပေ၊ ဒု ၆ လက်မကို ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၅၈ ဒသမ ၄၉၃ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်