ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၌ RBF စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်
*******************************************************************
နေပြည်တော် ဇူလိုင် ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) အကောင်အထည်ဖော်ဆောင်ရွက်မည့် ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ဇူလိုင် ၂၃ရက် နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး၊ စီမံကိန်းလုပ်ငန်းစဉ်များနှင့် စီမံကိန်းလက်စွဲပါလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများဖော်ဆောင်ရန် ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအဖွဲ့ဝင် ငါးဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
ရွာသစ်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ထောက်ပံ့ငွေ ကျပ်သိန်း၃၀၀ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများက အစုအဖွဲ့(၄) ဖွဲ့ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်