သရက်မြို့နယ် ထန်းရုံကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်
****************************************************************************
သရက် ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေဖြူကျေးရွာအုပ်စု၊ ထန်းရုံကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းကို ဇူလိုင်လ(၂၄)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ထန်းရုံကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ထန်းရုံကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် တစ်မိုင်လေးဖာလုံ၊ အကျယ် ၁၂ပေ ၊ အမြင့် တစ်ပေ ကိုးလက်မရှိ မြေနီကျောက်စရစ်ခင်းခြင်း၊ Slab Culvert (၁)စင်းနှင့် ရေကျော်(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၆၈သန်း အသုံးပြုကာ ရွှေမန်း(မကွေး)ကုမ္ပဏီက ယခုနှစ် ဇွန်လ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၁၁ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်