လှိုင်းဘွဲ့ ဇူလိုင် ၂၂
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီး - ရွာကိုင်းကောင်း ကျေးရွာချင်းဆက်လမ်း မြေလမ်းမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေလမ်းမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၃၆ ဒသမ ၃၃၄ သန်းဖြင့် လမ်းအရှည် (၀/၄ ဒသမ ၅)မိုင်၊ အကျယ် ၁၂ ပေ၊ ၁၃ လက်မဒုရှိ နောင်ဘိုကြီး - ရွာကိုင်းကောင်း ကျေးရွာချင်းဆက်လမ်း မြေလမ်းမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) တာဝန်ခံ ဒေါ်ဝင်းဝင်းသန်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရုံးချုပ်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန၊ (ကရင်ပြည်နယ် တာဝန်ခံ)တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်