တောင်ကြီး ဇူလိုင် 23
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာ၊ ရောင်နီဦးလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှင့် မိုင်းပျိုးကျေးရွာအုပ်စု၊ ကြေးထက်ကျေးရွာ၊ မြပုလဲလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းများ၏ နွေစပါးရိတ်သိမ်းနေမှု များအား ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများအား မိုးစပါးစိုက်ပျိုးရန်အတွက် ထောက်ပံ့ပေးအပ်သည့် သွင်းအားစုများကို စနစ်တကျအသုံးပြုပြီး ပန်းတိုင် အထွက်နှုန်းရရှိအောင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ အသင်းသားတောင်သူ ဒေါ်သန်းဝင်း၏ GW - 11 စံပြစိုက်ဧက စိုက်ပျိုးထား မှုနှင့် ညောင်ရွှေမြို့နယ်မိုးစပါးလျာထားချက်ပြည့်မီ အောင်စိုက်ပျိုးထားမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်