မိုင်းပန် ဇူလိုင် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မိုင်းပဲ-လုံကြိမ်လမ်းပိုင်းရှိ သံကူကွန်ကရစ်တံတား တစ်စင်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက် ပိုင်းတွင် ကွင်းဆင်းကြည့်ရှု သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် လင်းခေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆွေဆွေဝင်း၊ မိုင်းပန်မြို့နယ် တာဝန်ခံ၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများက ကွန်ကရစ်တံတား စတင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါတံတားကို ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၂၂၉ ဒသမ ၈၅ သန်းဖြင့် တံတား အရှည်ပေ ၄၀၊ အကျယ်ပေ ၂၀၊ သံကူကွန်ကရစ်ယက်မ၊ သံကူ ကွန်ကရစ်ကြမ်းခင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်