Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် ပြရေ-ပုထိုး ကျေးရွာချင်းဆက်လမ်းပေါ်တွင် ရေကျော်တည်ဆောက်နေမှုလုပ်ငန်း စစ်ဆေး


24 Jul,2025

သရက် ဇူလိုင် ၂၃

          မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ပြရေ-ပုထိုး ကျေးရွာချင်းဆက်လမ်းပေါ်တွင် ရေကျော်တည်ဆောက်နေမှု လုပ်ငန်းအခြေအနေကို ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်မေမီမီမင်းမြတ်နှင့် တာဝန်ရှိသူများက ပြရေ-ပုထိုး ကျေးရွာချင်းဆက်လမ်းပေါ်တွင် ရေကျော် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်က ပြရေကျေးရွာနှင့် ပုထိုးကျေးရွာတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

          ပြရေ-ပုထိုး ကျေးရွာချင်းဆက်လမ်းပေါ်၌ အရှည်ပေ ၁၂၀ ရှိ ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၁၇ ဒသမ  ၂၄ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဇွန်လစတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်