ညောင်ရွှေ ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်အုပ်စု မြောက်စျေးပါးကျေးရွာ မြောက်စျေးပါးသစ်တောတည်ထောင်သူများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြောက်စျေးပါးကျေးရွာ စေတနာမွန်မူကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်ပြီး အသင်း၏နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ အသင်းစာရင်းစစ်အစီရင်ခံစာ များဖတ်ကြားရှင်းလင်းခြင်း ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးထုတ်ပေးခြင်း အသင်းသား ထောက်ပံ့ငွေများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများ မြို့နယ်သမဝါယမအသင်းစုနှင့်အဆိုပါအသင်းအမှုဆောင်များ အသင်းသားများစုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည် ။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်