ဝါးခယ်မ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကြခတ်ကုန်း-ကျောင်းစု-ကလကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိသော ကြခတ်ကုန်းတံတားတည်ဆောက်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ကြခတ်ကုန်းတံတားသည် အရှည်ပေ ၆၀၊ အကျယ်ပေ ၂၀ရှိ သံကူကွန်ကရစ်တံတားဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တံတားတည်ဆောက်ခြင်း (ပထမပိုင်း) လုပ်ငန်းကို တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၉၉ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ တံတားတည်ဆောက်ခြင်း (ဒုတိယပိုင်း) လုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် တည်ဆောက်မှု လုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်