Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အိမ်မဲမြို့နယ်၌ ကျေးလက်လမ်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး


25 Jul,2025

အိမ်မဲ ဇူလိုင် ၂၄

               ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အိမ်မဲ-ဝါးခယ်မ ကားလမ်းမကြီးမှ ကြာတန်းကျေးရွာသို့ ဆက်သွယ်သောလမ်း ကျောက်ချောခင်းခြင်း (ဝ/၃)မိုင်လုပ်ငန်းနှင့် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျွဲလမ်း-ကမ်းနားထိန်ငူလမ်း ကွန်ကရစ်ခင်းခြင်း (၀/၂.၂) မိုင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးခဲ့သည်။

ချစ်သက်လယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်