Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုံရွာမြို့၌ တိုင်းဒေသကြီးဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


25 Jul,2025

မုံရွာ ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ၊ ဒေါ်မူမူဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီးအမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး အသင်းဒု-ဥက္ကဋ္ဌ၊ ဦးမြင့်အောင်က ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးလက်ကျန်ရှင်းတမ်း ဖတ်ကြားခြင်း၊ အသင်းသားများမှ အကြံပြုဆွေးနွေးတင်ပြခြင်းနှင့် ဆွေးနွေးတင်ပြချက်များအပေါ် အသင်းအမှုဆောင်အဖွဲ့တာဝန်ရှိသူတို့က ပြန်လည်ဖြည့်စွက်ရှင်းလင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းနှင့်အမြတ်ခွဲဝေစာရင်းအား တက်ရောက်လာကြသူများမှ ကန့်ကွက်ရန်မရှိသည့်အတွက် သဘာပတိက ‌အတည်ပြုဆုံးဖြတ် ပေးခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ဌာနဆိုင်ရာ(၃၇)ဌာနမှ အသင်းသားကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးအား (၆) လတစ်ကြိမ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကျပ်(၂၆.၃၁)သိန်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကျပ် (၁၁၂.၁၂)သိန်း ထုတ်ပေးနိုင်ခဲ့ပြီး အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ အသင်းသားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

စစ်ကိုင်းတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်