Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"သနပ်ပင်မြို့နယ် တောဘုတ်စုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ပဥ္မမအကြိမ် ထုတ်ချေး"


28 Jul,2025

"သနပ်ပင်မြို့နယ် တောဘုတ်စုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ပဥ္မမအကြိမ် ထုတ်ချေး"

သနပ်ပင်၊ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တောဘုတ်စုကျေးရွာ အုပ်စု၊တောဘုတ်စုကျေးရွာ၌ပဥ္ဓမအကြိမ်မြောက် စီမံကိန်းရန်ပုံငွေပြန်လည်ထုတ်ချေးခြင်းကို ဇူလိုင်လ ၂၇ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဥ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ အကြောင်းအရာများ၊ ချေးငွေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဥ်အတွက် အထောက်အကူပြုပုံတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက တောဘုတ်စု
ကျေးရွာ၌ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များထံ စီမံကိန်းရန်ပုံငွေကျပ် ၄၀၂သိန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက တောဘုတ်စုကျေးရွာမှ စိုက်ပျိုးရေးလုပ် ငန်းလုပ်ကိုင်သူ  ၆၉ဦးကို ငွေကျပ် ၂၉၂ သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃
ဦးကို ငွေကျပ် ၅၁သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ၁၅ဦးကို ငွေကျပ် ၅၉သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ
၉၇ဦးအတွက် ငွေကျပ် ၄၀၂သိန်းအား
ငွေချေးယူသူ အသင်းသား၊အသင်းသူတစ်ဦးချင်းလက်ဝယ်အရောက် အတိုးနှုန်းသက်သာစွာဖြင့် နေ့ချင်းအပြီးထုတ်ချေး ပေးခဲ့ကြောင်း သနပ်ပင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းထံမှ သိရသည်။
                                                     နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်