မော်လမြိုင်ကျွန်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျီးချောင်း၊ ကျုံလတာ ကျေးရွာများရှိ ကွန်ကရစ်ချောင်းကူးတံတား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဇူလိုင် ၂၂ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်မြသင်းဆွေ၊ မြို့နယ်ဦးစီးအရာရှိ ဦးပိုင်မင်းစိုးနှင့် ဝန်ထမ်းများ သည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်းကော်မတီဝင်များနှင့်အတူ မော်ကျွန်း- ဘိုးကလေးလမ်းတာမှ ကျီးချောင်း- ကျုံလတာလမ်း ကွန်ကရစ်ချောင်းကူးတံတား ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ သံကူကွန်ကရစ်တံတားသည် အရှည်ပေ ၁၀၀၊ အကျယ်ပေ ၂၀ ရှိကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်