ကျောက်ဆည် ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေး လက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များနှင့် ထုတ်ကုန်လုပ်ငန်းများ အချိန်တိုအတွင်းကုန်ကျစရိတ် သက်သာစွာဖြင့်သယ်ယူနိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းတံတားများ ရာသီမရွေးသွားလာနိုင်ရေး နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်၊ သပြေသာ-ပင်တလည်-ပတ္တာ ကျေးရွာချင်းဆက်လမ်းအား ကျောက်ရောမြေ ခင်းပေးပြီး အဆင့်မြှင့်တင်ပေးလျက်ရှိသည်။
အဆိုပါကျောက်ရောမြေ ခင်းပေးခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး(ငွေလုံး ငွေရင်း)ခွင့်ပြုရန်ပုံ ငွေကျပ် ၈၇ ဒသမ ၂၃ သန်းဖြင့် လမ်းအရှည် ၁ မိုင် ၆ ဖာလုံ၊ ထု ၈လက်မနှင့် အကျယ် ၁၆ ပေ ဖြစ်ကြောင်းနှင့် လမ်းရေရှည်တည်တံ့ခိုင်မြဲရေး ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အနီးကပ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင် အတွင်း၌ လမ်းလုပ်ငန်း(၁၆)ခုနှင့် တံတားလုပ်ငန်း သုံးခု၊ စုစုပေါင်း ၁၉ ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်း ရှိလူဦးရေ ၉ဝ ရာခိုင်နှုန်း ရာသီမရွေးသွားလာနိုင်သည့် ကျေးလက် လမ်းများအဖြစ် အသုံးပြုနိုင်ရန် အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(၄၈၅)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်