Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

MOI News တွင်ပါရှိသော "မြောင်းမြမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများပေးအပ်" သည့်သတင်း


29 Jul,2025

မြောင်းမြ   ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြရိုင်၊ မြောင်းမြမြို့နယ်၌ အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် အထွက်တိုးမျိုး မိုးစပါးစိုက်ပျိုးသော သမဝါယမအသင်းသားတောင်သူများအား မျိုးနှင့် သွင်း အားစုများ ပံ့ပိုးပေးခြင်းအခမ်းအနားကို ကျုံဝါးကျေးရွာ၊ ၅မိုင် နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောင်းမြမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာညွန့်နှင့် မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မောင်ဝင်းတို့က ကျုံဝါးကျေးရွာရှိ ထွက်တိုးပျော် အထွက်တိုးမျိုးစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ အသင်းသား ၂၅ ဦးအား တစ်ဧက လျှင်(၂.၅)သိန်းဖြင့် ဧက ၁၀၀ အတွက်  ကျပ်(၂၅၀)  သိန်းနှင့်ညီမျှသော သွင်းအားစုများအား တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့ပြီး အထွက်တိုးမျိုးစိုက်ပျိုးသည့် သမဝါယမအသင်း သား တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး အချိန်မီသုံးစွဲနိုင်စေရေး ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထွက်ရှိလာသောစပါးများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးသိန်းဆိုင်ထွန်း၏လယ်၌ အောင်နိုင်တိုးမျိုးများ ပျိုးထောင်စိုက်ပျိုးမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်