Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှည်းကူး၊ မှော်ဘီနှင့် ထန်းတပင်မြို့နယ်များရှိသမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာများပေးအပ်ပွဲ ကျင်းပ


29 Jul,2025

အင်းစိန် ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့်တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder) ၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ပေးအပ်ပွဲ အခမ်းအနားကို လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စုရှိ GBS ဝန်းအတွင်းရှိ ခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့်တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းအတိုင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး စိုက်ပျိုးရေဖူလုံစွာရရှိရေး စိုက်နည်းစနစ်မှန်ကန်ရေးတို့ကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သမဝါယမစနစ်ဆိုသည်မှာ တစ်ဦးချင်း၏ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များကို အများဆန္ဒနှင့်အညီ အတူတကွပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးကို အားလုံး က တက်ညီလက်ညီဆောင်ရွက်သွားကြရန်နှင့် တောင်သူများ၏ လိုအပ်သည့် အထွက်တိုးစပါး မျိုးနှင့် သွင်းအားစုများကို အချိန်မီပေးအပ်ထားပြီးဖြစ်သည့်အတွက် ယခုမိုးစပါးရာသီတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးစားသွားကြရန်ဖြစ်ကြောင်းစသည်တို့ကို ပြောကြား သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ရှိ တာဝန်ရှိသူ များနှင့် တောင်သူများအား သွင်းအားစု၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာ (Seeder) ၊ 550 W x 14 Nos(7.7kw) အနိမ့်တင်ဆိုလာရေတင်စက်၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်များကို ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပြသထားသည့် စိုက်ပျိုးရေးသုံး သွင်းအားစုများ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများနှင့် ဆိုလာများစသည်တို့ကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်