Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဲကုန်းမြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းကြည့်ရူစစ်ဆေး


29 Jul,2025

သဲကုန်း ဇူလိူင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြိူ့နယ်၊ ဇလဲ့ကျေးရွာအုပ်စု၊ လက်ပံတန်း ကျေးရွာ တောင်သူ ဦးရဲထွန်းဝင်း၏ လယ်တွင်သမဝါယမဦးစီးဌာနမှ မိုးစပါးစီမံကိန်းအတွက် ဆန်းသစ်ဝေစိုက်ပျိုးရေးနှင့်အထွေထွေ​စီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အောင်နိုင်တိုး စပါးစိုက်ပျိုးနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါအောင်နိုင်တိုးစပါးမျိုးသည် အသက်ရက် ၁၂၀ ရက်ခန့်ရှိခြင်း၊ အနှံပါပင်ပွား-၁၄၊အနှံအရှည်(စင်တီမီတာ)-၂၆ ဒသမ ၄၀၊ တစ်နှံပါသီးလုံး-၁၈၀၊ တစ်နှံပါအောင်စေ့- ၁၆၃၊ အောင်စေ့ရာခိုင်နှုန်း-၉၀၊ စပါးလုံးအုပ်စု- ဧည့်မထအမျိုးအစားထဲတွင် ပါဝင်ပါသည်။ ထူးခြား ကောင်းမွန်သည့် လက္ခဏာများမှာ အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်း၊ စားသုံးမှု ကောင်းမွန်ခြင်း၊ ဆန်သားကြည်လင်ခြင်း၊ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ် အသင့်အတင့် ခံနိုင်ရည်ရှိခြင်းတို့အပြင် ဆည်ရေသောက်၊ မိုးရေသောက်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး နွေရာသီ၊ မိုးရာသီနှစ်ရာသီလုံးတွင် စိုက်ပျိုးနိုင်ကြောင်း သိရရှိပြီး တောင်သူ ဦးရဲထွန်းဝင်း၏ လယ်တွင် ၇ ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်