Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်ခေါင်းမြို့နယ်တွင် မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းဆောင်ရွက်


29 Jul,2025

ပေါက်ခေါင်း ဇူလိုင်  ၂၈     

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ မိုးနှောင်းဝါစိုက်ပျိုးရေးစီမံကိန်းကို လေးကြီးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံသမဝါယမအသင်း(၈)သင်း၊ အသင်းသား (၃၃၄)ဦး၏ ဝါစိုက်ဧက(၁၃၀၀)အတွက် တစ်ဧကလျှင်နှစ်သိန်းကျပ်နှုန်းနှင့်ညီမျှသော ဝါမျိုးနှင့် သွင်းအားစုများကို မြို့နယ်သမဝါယမအသင်းစုအစီအစဉ်ဖြင့် ပံ့ပိုးဆောင်ရွက်ခဲ့ပြီး သဖန်းချို ကျေးရွာအုပ်စု၊ လေးကြီးကျေးရွာရှိ ဝါစိုက်တောင်သူ ဦးညွန့်စိန်၏ ဝါစိုက်ခင်းတွင် RAKA-666 (BT)မျိုးစိုက်ပျိုးနေမှုအား ဇူလိုင်လ(၂၂)ရက်နေ့တွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုများကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဝါစိုက်တောင်သူများ အဆင်ပြေစေရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်