Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အုတ်တွင်းမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးသွင်းအားစု ထည့်သွင်းနေမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်


29 Jul,2025

အုတ်တွင်း ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်နေသည့် ကျေးရွာလေးရွာအား တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်နေ သည့် ကျေးရွာလေးရွာ၊ အသင်း ငါးသင်း၊ အသင်းသား(၂၅၄)ဦး၊ စိုက်ဧက(၁၅၀၀)အတွက် တစ်ဧကလျှင်ငွေကျပ်(၂၅၀၀၀၀)နှုန်းဖြင့် ညီမျှသောအထွက်တိုးမျိုးအောင်နိုင်တိုးမျိုးစပါး သွင်း အားစုတို့ကို သမဝါယမကဏ္ဍမှ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ညောင်ပင်ကြီး ကျေးရွာအုပ်စု၊ အရှေ့ကြို့ကုန်းကျေးရွာ၊ အရှေကြို့ကုန်းအထွေထွေစိုက်ပျိုးရေးသမဝါယမအသင်း၊ အသင်းသား (၆၁)ဦးမှ တောင်သူ ဦးမိုးကျော်၏ လယ်ခြောက်ဧကတွင် (Seeder) စက်ဖြင့် စိုက်ပျိုးထား သောရက်(၃၀)အရွယ်ခန့် အောင်နိုင်တိုးမျိုးစပါးစိုက်ခင်း၌ သွင်းအားစုထည့်သွင်းနေမှု အခြေအနေများကို မြို့နယ်သမဝါယဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်