Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


28 Jul,2025

ဇီးကုန်း ဇူလိုင် ၂၈

ပဲခူးတိုင်း‌ဒေသကြီး နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ(ပညာရေး) သမဝါယမ အသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အ.ထ.က(ဇီးကုန်း) ခန်းမ‌ဆောင် တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဦးရဲထွဋ်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အသင်း၏ ကိစ္စရပ်များ၊ ရှေးလုပ်ငန်းစဉ်များကိုပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်‌ရွှေစင်က အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်း ရည်ရွယ် ချက်နှင့် အသင်းအား ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည်များ ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည့် ဆွေးနွေးမေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်းရှင်းလင်းပေးခဲ့ကြာင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်