Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် ကျောင်းရာကန်ကျေးရွာ၌ စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းအား တာဝန်ရှိသူများ ကြည့်ရှု


29 Jul,2025

မိတ္ထီလာ ဇူလိုင် ၂၉

စီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ အထွက်နှုန်းအထူးကောင်းမွန်ရေးတို့ဦးတည်၍ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီးပွား) ဦးအောင်ပြည့်စိုးသည် ဌာနတာဝန်ရှိသူများ ၊ အသင်းတာဝန်ရှိသူများနှင့်အတူ မိတ္ထီလာ မြို့နယ် လိန်တောကျေးရွာအုပ်စု ကျောင်းရာကန်ကျေးရွာ တက်သစ်စစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမ အသင်းသား တောင်သူဦးမောင်နီ၏ မိုးဝါစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးသည့်မျိုးအား အထွက်နှုန်းကောင်းသည့် မျိုးစိုက်မှသာလျှင် သီးနှံအထွက်တိုးမည်ဖြစ်၍ မျိုးပြောင်းလဲစိုက်ပျိုးမှုမှစ၍ သွင်းအားစုများ သုံးစွဲမှုနည်းစနစ်မှန်ကန်စေရေး ၊ အချိန်ကိုက်အချိုးကျထည့်သွင်းနိုင်ရေး၊ အစာအာဟာရများ သတ်မှတ်အချိုးအစားအတိုင်းထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး စနစ်တကျ ဂရုစိုက်ခြင်းဖြင့် ရာသီကုန်တွင် အထွက်နှုန်းကောင်းမွန်မည်ဖြစ်သဖြင့် အထူးဂရုစိုက် ဆောင်ရွက် ကြရန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

ချမ်းသာ(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်