ပန်းဘဲတန်း ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အနောက်ပိုင်းခရိုင် GEC ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို ပန်းဘဲတန်းမြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို အသင်းဥက္ကဋ္ဌ ဒေါ်မြသက်မှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အသင်း၏စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေပုံကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အသင်း၏အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင် ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးနှစ်ရှင်းတမ်းများကို အသင်းဒုဥက္ကဋ္ဌ ဦးသွင်အောင်နီမှ ဖတ်ကြား တင်သွင်းပြီး အသင်းသားတစ်ဦးဖြစ်သူဒေါ်တင်တင်မြင့်မှ ထောက်ခံအဆိုပြု၍ အသင်းသားများမှ သဘောတူအတည်ပြုခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဘုန်းမြင့်လှိုင်မှ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့်အသင်းများဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး အသင်းသား(၁၈)ဦးအတွက် အစုအပေါ်အမြတ်ငွေ(၁၅၄၆၅၅၀/-)ကျပ် အား ခွဲဝေပေးခဲ့ကြောင်းသိရသည်။
ဖြူဖြူဝင်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်