Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်


29 Jul,2025

ပြည် ဇူလိုင် ၂၅

            ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝဏ္ဏသည် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်အတူ တီတွဒ်-သောကြမ္မာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

           တီတွဒ်-သောကြမ္မာလမ်းသည် အရှည် ၁ ဒသမ ၅ ဖာလုံရှိပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၁၀၅ သန်းဖြင့် ပြည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက လူဦးရေ ၈၃၅ ဦး တို့အား အကျိုးပြုမည်ဖြစ်သည့်အပြင် သမိုင်းဝင်သော ကြမ္မာဘုရားသို့လာရောက်ဖူးမြော်သော ဘုရားဖူးပြည်သူများမှာလည်း အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင် မည်ဖြစ်ကြောင်း သိရသည်။

(၄၀၁)၊ တင်စိုး(ပဲခူး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်