Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ် ဆင်လူးကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေး"


30 Jul,2025

"တောင်တွင်းကြီးမြို့နယ် ဆင်လူးကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေး"

တောင်တွင်းကြီး၊ဇူလိုင်၃၀

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဦးကျေးရွာအုပ်စု၊ဆင်လူးကျေးရွာ၌ဆဋ္ဌမအကြိမ်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ထုတ်ချေးခြင်းကိုဇူလိုင်၂၉ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဥ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဥပဒေပါ အကြောင်းအရာများ၊ ချေးငွေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဥ်အတွက် အထောက်အကူပြုပုံတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ဆင်လူးကျေးရွာ၌ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များထံသို့ရန်ပုံငွေကျပ်သိန်း ၄၀၀အား လွှဲပြောင်းပေးအပ်ခဲ့သည်။ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက ဆင်လူးကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၈ဦးကို ချေးငွေကျပ်သိန်း ၄၀၀အား အသင်းသားတစ်ဦးချင်းလက်ဝယ်အရောက် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံက သိရသည်။
                                                     နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်