Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာနတွင် အသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်းများ သမဝါယမ မွမ်းမံသင်တန်းဖွင့်လှစ်


31 Jul,2025

အင်္ဂပူ ဇူလိုင်၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သမဝါယမအသင်းအမှုဆောင်နှင့် အသင်း ဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဖွင့်လှစ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာများက သင်ကြားမည့်ဘာသာရပ်များကို ရှင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇူလိုင် ၂၉ ရက်နေ့မှ ဩဂုတ်၃ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် သမဝါယမသဘောတရားနှင့် ငွေစာရင်းပညာ၊ စားရေး၊စာရင်းကိုင်ပညာများကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ် ကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်