Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာနိုင်ငံအတွင်း ကျေးလက်ရေရရှိရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတွေ့အကြုံများမျှဝေဆွေးနွေးသည့် Knowledge Sharing ဖိုရမ်ကျင်းပ


30 Jul,2025

မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာနိုင်ငံအတွင်း ကျေးလက်ရေရရှိရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတွေ့အကြုံများမျှဝေဆွေးနွေးသည့် Knowledge Sharing ဖိုရမ်ကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

          ‌သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၃)ဖြင့်  ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ လွိုင်လင်မြို့နယ်တို့အတွင်းရှိ ကျေးရွာများတွင် အကောင် အထည်ဖော်ဆောင်ရွက်သော တောင်ပေါ်ဒေသ ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်ကျေးရွာရေရရှိရေးစီမံကိန်း ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ အတွေ့ အကြုံနှင့် နည်းပညာများအား မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံအတွင်း ကျေးလက်ရေရရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတွေ့အကြုံများမျှဝေဆွေးနွေးသည့် Knowledge Sharing ဖိုရမ်ကို ဇူလိုင်လ(၂၉)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဖိုရမ်သို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းတာဝန်ရှိသူများနှင့်မိတ်ဖက်အဖွဲ့အစည်းများမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ပထမအတွင်းဝန် မစ္စတာဝမ်ရှမ်ကျုံးနှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက Video Conferencing စနစ်ဖြင့်လည်းကောင်း အသီးသီးတက်ရောက်ကြပါသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးစိုးသန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ပထမအတွင်းဝန် မစ္စတာဝမ်ရှမ်ကျုံးတို့က အဖွင့်အမှာစကားပြောကြားကြပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ရှိသူများက မဲခေါင်-လန်ချန်းစီမံကိန်းဆောင်ရွက်မှုနှင့် စီမံကိန်းဆောင်ရွက်မှုဆိုင်ရာနည်းပညာနှင့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ ဖိုရမ်သို့တက်ရောက်လာသော ကမ္ဘောဒီယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက မိမိတို့နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသော ရေရရှိရေး စီမံကိန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း ကျေးလက်ရေရရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများဖြစ်သည့် ယူနီဆက်၊ အာရှ-ဂျပန်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(Bride Asia Japan)၊ CESVI Myanmar နှင့် Helvetas Myanmar တို့မှ တာဝန်ရှိသူများက အဖွဲ့အစည်းအလိုက် စီမံကိန်းဆောင်ရွက်မှုများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးမေးမြန်းကြပါသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ်က ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ဖိုရမ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်