Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငဖဲမြို့နယ်၊ ငလှိုင်တောကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအ‌နေများအား ကွင်းဆင်းစစ်ဆေးခြင်း


30 Jul,2025

ငဖဲမြို့နယ်၊ ငလှိုင်တောကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအ‌နေများအား ကွင်းဆင်းစစ်ဆေးခြင်း

ငဖဲ ဇူလိုင် ၃၀

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ငလှိုင်တောကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများအား ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေနှင့်  တာဝန်ခံအင်ဂျင်နီယာများမှ  ငလှိုင်တောကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

          ငဖဲမြို့နယ်၊ ငလှိုင်တောကျေးရွာ၌ အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့်  ၁ပေ ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းနှင့်  Pipe Culvert  ၃  စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေမှ  ကျပ် ၉၀ ဒသမ ၅၄၅ သန်းဖြင့် တင်ဒါအောင်မြင်ရရှိသည့် ရဲထွဋ်လှိုင် ကုမ္ပဏီမှတာဝန်ယူ၍  ယခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ ၂၃ % ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေမှ သိရသည်။
ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်