Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောင်းကုန်းမြို့နယ် ကျားကိုက်ချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ နဝမအကြိမ်ထုတ်ချေး


31 Jul,2025

ကျောင်းကုန်းမြို့နယ် ကျားကိုက်ချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ နဝမအကြိမ်ထုတ်ချေး
ကျောင်းကုန်းမြို့၊ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်၊ လူမှု့စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဖုန်းဆိုးကျေးရွာအုပ်စု၊ ကျားကိုက်ချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးခြင်းကို ဇူလိုင်လ(၃၀) ရက်နေ့နံနက်ပိုင်းကအဆိုပါကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
     ရှေးဦးစွာ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က ကျားကိုက်ချောင်းကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း  အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူး များကိုရှင်းလင်းပြောကြားသည်။
     ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က ကျားကိုက်ချောင်းကျေးရွာ၌ နဝမအကြိမ်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၅၀သိန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။
     ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျားကိုက်ချောင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၁ဦးကို ငွေကျပ် ၂၀၅သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၈ ဦးကို ၄၆.၅ သိန်း၊ရေလုပ်ငန်းလုပ်ကိုင်သူ ၂၀ ဦးကို ၄၉သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦးကို ၃၉ သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၃ဦးကို ၁၀.၅သိန်း၊ စုစုပေါင်း အသင်းသား၊အသင်းသူ ၉၆ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၅၀ ထုတ်ချေးပေးခဲ့ကြောင်း  ကျောင်းကုန်း မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဒေါ်အေးအေးမာ

ဦးစီးအရာရှိ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်