ကန်ကြီးထောင့် ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများ ဖြင့် ဖွဲ့စည်းထားသော ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၃၀ ရက်က မြို့နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ(ကိုယ်စား) ဦးစီးမှူး ဦးမင်းထက်ဇော် က အမှာစကားပြောကြားပြီး ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ(ကိုယ်စား) အသင်း အုပ်ချုပ်မှုဒါရိုက်တာက အသင်း၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့သည်။ ထို့နောက် အသင်းအမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာသော အသင်းသား၊ အသင်းသူ များက ပြန်လည်ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ အသင်းအမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုချက်ရယူခဲ့ပြီး အသင်းသားများက သဘောတူသဖြင့် သဘာပတိမှ အတည်ပြုခဲ့သည်။ အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ(ကိုယ်စား) ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့၊ အသင်းသားအသင်းသူများ တက်ရောက် ခဲ့ကြပြီး အသင်းသားအသင်းသူများ၏ စုဆောင်းငွေပေါ်အတိုး ငွေကျပ်(၂၁)သိန်းကျော်ကို မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ(ကိုယ်စား) ဦးစီးမှူးနှင့် ဒါရိုက်တာအဖွဲ့မှ အသင်းသား၊ အသင်းသူ (၉၉)ဦးထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်