Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဥတ္တရသီရိမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများကွင်းဆင်းစစ်ဆေး


31 Jul,2025

နေပြည်တော် ဇူလိုင် ၃၀

        သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နေပြည်တော်ဥတ္တရသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/နေပြည်တော်ကောင်စီ (ငွေလုံး ငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းခွင်များကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ အင်ဂျင်နီယာများ၊ ဥတ္တရခရိုင်နှင့် ဥတ္တရသီရိမြို့နယ်တို့မှ တာဝန်ရှိ အင်ဂျင်နီယာများက တင်ဒါ အောင်ကုမ္ပဏီများနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဥတ္တရသီရိမြို့နယ်အတွင်း ပြည်ထောင်စု/ နေပြည်တော်ကောင်စီ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်များ  မဆောင်ရွက်မီ မူလလမ်း/တံတား အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်