ကံမမြို့နယ် ဆုံကုန်း-အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း-အင်ဘတ်တောကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
************************************************************************
ကံမ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆုံကုန်း-အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း-အင်ဘတ်တောကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ ကံမမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးနန်းထွေးနှင့်တာဝန်ရှိသူများက ဆုံကုန်း-အလပ်လယ်-ရှားစေးဖို-ရှမ်းကွင်း-အင်ဘတ်တောကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်က ကျေးရွာငါးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန်မှာကြားသည်။အဆိုပါ ဆုံကုန်း၊ အလပ်လယ်၊ ရှားစေးဖို၊ ရှမ်းကွင်း၊ အင်ဘတ်တောကျေးရွာများသို့ဆက်သွယ်ထားသည့် အရှည်ပေ တစ်မိုင်၊ အကျယ် ၁၆ပေ၊ အမြင့် ခြောက်လက်မရှိကျေးရွာချင်း ဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ်သန်း ၁၆၀ဖြင့်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ် ဇွန်လ ဒုတိယပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၅ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်