Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လပွတ္တာမြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


04 Aug,2025

လပွတ္တာ ဩဂုတ် ၁

         ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းမဆောင်ရွက်မီအခြေအနေများကို ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဒေါ်မြသင်းဆွေ၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် တာဝန်ခံ ဦးလင်းလင်းထွန်း၊ မြို့နယ်တာဝန်ခံ ဒေါ်ဝါဝါကျော်တို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၂၂ ဒသမ ၈၅၀ သန်းဖြင့် တင်ဒါအောင်မြင်သော ဧရာဒီပါကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် လပွတ္တာ-ထိပ်စွန်းကားလမ်းမှ ကညင်ကုန်းကျေးရွာသို့ ဆက်သွယ်သောလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း မဆောင်ရွက်မီအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်