နေပြည်တော် ဇူလိုင် ၃၁
စီမံကိန်းသီးနှံများ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရရှိစေရေးနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁ဝး၀၀)နာရီအချိန်တွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်သမဝါယမအစည်းအဝေးခန်းမ၌ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြား ရေးမှူး၊ ဒေါ်ဆုယဉ်မြင့်၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အသင်းစုချုပ် ဥက္ကဋ္ဌ၊ မြို့နယ်ဦးစီးအရာရှိများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေ လုပ်ငန်း ဆိုင်ရာ ဦးစီးမှူးများသည် မိုးစပါးသီးနှံများ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရရှိစေရေးနှင့် သမဝါယမ အသင်းများ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က ဇူလိုင်လ ၂၇ ရက်နေ့ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော လေးလပတ်အစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များနှင့် ဇူလိုင်လ ၂၉ ရက်နေ့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သောအစည်းအဝေးတွင် ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော် ထောက်ပံ့ငွေများရယူ၍ မိုးစပါးသီးနှံများ စိုက်ပျိုးဆောင်ရွက်ရာတွင် စိုက်ဧကအားလုံး ပန်းတိုင် ရည်မှန်းချက် အထွက်နှုန်းရရှိစေရေး ကြီးကြပ်ဆောင်ရွက်စေလိုကြောင်း၊ မြို့နယ်များအနေဖြင့် မိုးစပါးသီးနှံများ စိုက်ပျိုးဆောင်ရွက်သည့် လယ်ယာမြေများ မြေပြင်ထွန်ယက်သည်မှ ရိတ်သိမ်းသည် အထိ စဉ်ဆက်မပြတ်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း၊ မိုးစပါးသီးနှံများအတွက် လိုအပ်သည်များ အား အသင်းသားတောင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆောင်ရွက်မှုများအား စနစ်တကျမှတ်တမ်းဓါတ်ပုံနှင့်တကွထားရှိရန်လိုကြောင်း၊ တိုင်းဦးစီးဌာနမှ တာဝန်ရှိသူများလည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါး စာချုပ် ချုပ်ဆိုရန်ကျန်ရှိသည့်မြို့နယ်များ အမြန်ဆုံးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စာချုပ် ချုပ်ဆိုပြီးမှ သွင်းအားစုတန်ဖိုးငွေများ ပေးချေနိုင်မည်ဖြစ်ကြောင်းနှင့် သမဝါယမအသင်းများ ဝင်ငွေပိုမိုရရှိစေရန် မိမိတို့မြို့နယ်အတွင်းမှာရှိသည့် အသင်းပိုင်မြေ၊ အဆောက်အဦ၊ ပစ္စည်းများကို ငှားရမ်းဆောင်ရွက် ခြင်းထက် အသင်းကိုယ်တိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာ အသင်း များ ရေရှည်ဖွံ့ဖြိုးမည်ဖြစ်ပါကြောင်း၊ ညွှန်ကြားချက်များကို အလေးထားလိုက်နာ ကြီးကြပ်ဆောင်ရွက် ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိများမှ မိမိတို့မြို့နယ်အတွင်း မိုးစပါးသီးနှံများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိမှုအခြေအနေများ၊ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်မှု အခြေအနေများနှင့် အသင်းပိုင် မြေ၊ အဆောက်အဦကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးမှ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ ဝန်ထမ်းပိုင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမှ မိုးစပါးသီးနှံများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအားလည်းကောင်း၊ နေပြည်တော်အသင်းစုချုပ် ဥက္ကဋ္ဌ ဦးတင်ထွန်းမှ ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့ရောင်းချသူ အစုအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်