ရေနံချောင်းမြို့နယ် ဖန်ခါးစမ်း-သန်းပင်ကုန်း-အလယ်ကန်ကျေးရွာချင်းဆက်လမ်းအားမြေသားတာဘောင်တင်ခြင်းနှင့် မြေနီခင်းခြင်းဆောင်ရွက်
************************************************************************
ရေနံချောင်း ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဖန်ခါးစမ်း-သန်းပင်ကုန်း-အလယ်ကန်ကျေးရွာချင်းဆက်လမ်းအား မြေသားတာဘောင်တင်ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဩဂုတ် ၃ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ)ဒေါ်သီရိဖြိုးဝေဝင့်နှင့် တာဝန်ရှိသူများက ဖန်ခါးစမ်း-သန်းပင်ကုန်း-အလယ်ကန်ကျေးရွာချင်းဆက်လမ်းအား မြေသားတာဘောင်တင်ခြင်းနှင့် မြေနီခင်း
ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်သီရိဖြိုးဝေဝင့်က ကျေးရွာသုံးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအလေးထားဆောင်ရွက်သွားကြရန် မှာကြားသည်။အဆိုပါ အရှည် ခြောက်ဖာလုံရှိ ဖန်ခါးစမ်း-သန်းပင်ကုန်း-အလယ်ကန်ကျေးရွာချင်းဆက် လမ်းအား မြေသားတာဘောင်တင်ခြင်းနှင့် အကျယ် ၁၈ပေ၊
အမြင့် ရှစ်လက်မ မြေနီခင်းခြင်း လုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၅၂ ဒသမ ၅သန်းအသုံးပြု၍မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ် ဇူလိုင်လ ပထမပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်