Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ်၌ ရွာမကန်ကျေးရွာ အဝင်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်


04 Aug,2025

မင်းဘူး ဩဂုတ် ၃

      မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရွာမကန်၌ ကျေးရွာအဝင်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ရွာမကန်ကျေးရွာ အဝင်လမ်းမြေနီခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

      မင်းဘူးမြို့နယ်၌ ရွာမကန်ကျေးရွာ အဝင်လမ်း အရှည်ပေ ခြောက် ဖာလုံ၊ အကျယ် ၁၈ ပေ ချဲ့၍ ဒု ရှစ်လက်မ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၅၁ ဒသမ ၉၀၁ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်