အမရပူရ သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာ၊ သာလှအေး (စိုက်/ထွေ) သမဝါယမအသင်းနှင့် အောင်မြင့်မြတ်(စိုက်/ထွေ) သမဝါယမအသင်း နှစ်သင်း၏ အသင်းသားတောင်သူ ၂၆ ဦးတို့စိုက်ဧက ၁၁၀ ဧကအတွက် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် တန်ဖိုးကျပ် သိန်း ၂၂၀ နှင့်ညီမျှသော သွင်းအားစုများကို အမရပူရမြို့နယ်၊ သာလှအေးသမဝါယမအသင်းစုဥက္ကဋ္ဌ နေအိမ်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် သာလှအေးကျေးရွာ၊ ကွင်းအမှတ် ၅၇၀၊ ပေါက်အင်းကွင်းရှိ သာလှအေး (စိုက်/ ထွေ) အသင်းသားတောင်သူ ဒေါ်စန်းစန်းနွယ် ပိုင်လယ် ၄ ဧကပေါ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို မြို့နယ်သမဝါယမဦးစီးမှူး ဦးမောင်မောင်လေး၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးသိန်းမြင့်၊ မြို့နယ်သမဝါယမအသင်း၊ ကွင်းဆင်းအဖွဲ့ခေါင်းဆောင် ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့များမှ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်