နေပြည်တော်၊ ဩဂုတ် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် သီးနှံအခြေခံတန်ဖိုးမြှင့် အသင့်စားစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင် တန်း အမှတ်စဉ်(၁၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် သင်တန်းသားများတက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဌာနအနေဖြင့် “အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် အသေးစားကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်အကိုင်၊ ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးခြင်း၊ အရင်းအနှီးထူထောင်ပေးခြင်း၊ ထုတ်ကုန်များအား ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ စနစ် တကျလုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဈေးကွက်များရှာဖွေပေးခြင်းနှင့် တိုးတက်မှုအခြေအနေများအား လေ့လာဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ယခုအခါ ပြောင်းလဲလာသည့် လူနေမှုပုံစံများအရ နေ့စဉ်နေထိုင်စားသောက်မှုအတွက် အချိန် မပေးနိုင်သူများ၊ ပညာရေး၊ စီးပွားရေးအတွက် ရုန်းကန်လှုပ်ရှားနေရသူများနှင့် အိမ်အလုပ်တာဝန်များကို အချိန်မပေးနိုင်သည့် အိမ်ရှင်မများအတွက် အသင့်စား စားသောက်ကုန်ထုတ်ကုန်များသည် ဈေးကွက်တွင်လူကြိုက်များလာပြီး ဝယ်ယူစားသောက်မှုများလာသည်ကိုတွေ့ရှိရပါကြောင်း၊ အသင့် စား စားသောက်ကုန် စားသုံးမှုများလာသည်နှင့်အမျှ စားသုံးသူများအတွက် ဓာတုပစ္စည်းများ၏ ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝရေးကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် ဒေသကထွက်ရှိသည့် သီးနှံများကို အခြေခံပြီး ဈေးကွက်ဝင် အသင့်စား စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများ၊ ထုတ်ပိုးမှုဆိုင်ရာနည်းပညာများ၊ ထုတ်ပိုး ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးနှင့် စားသောက်ကုန်ထုတ်လုပ်ရာဝန်းကျင် သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်