ပူတာအို ဩဂုတ် ၄
ပူတာအိုခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ် ဝါးဆားကျေးရွာနှင့် လုံမူ ဒမ်း-၂ ကျေးရွာချင်း ဆက်သွယ်ထားသော လမ်းပေါ်ရှိ နမ့်ပလန့် ချောင်းကူးကြိုးတံတား တည်ဆောက်ရေးလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ခရိုင် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးအဖွဲ့က ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပူတာအိုမြို့နယ် ဝါးဆားကျေးရွာနှင့် လုံမူဒမ်း-၂ ကျေးရွာချင်း ဆက်သွယ်ထားသော လမ်းပေါ်ရှိ နမ့်ပလန့် ချောင်းကူး ကြိုးတံတား အရှည်ပေ ၂၀၀၊ အကျယ် ခြောက်ပေ ချောင်းကူးကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၈၉ ဒသမ ၅၂၂ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆိုပါကြိုးတံတားအား ဇွန် ၁၉ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၃၀ ရက်တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့သည်။
ဖုန်ကန်(ပူတာအို)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်