Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးမှူး ကျုံပျော်မြို့နယ် ကျွန်းရွှေဝါဘဲမွေးမြူရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု


05 Aug,2025

ကျုံပျော် ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အင်းရဲကျွန်း‌ကျေးရွာအုပ်စု ကျွန်းရွှေဝါ ဘဲမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဦးစီးမှူးသည် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ရီရီမွန်နှင့် ဝန်ထမ်းများလိုက်ပါ၍ အင်းရဲကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျွန်းရွှေဝါ ဘဲမွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသား (၃၉)ဦးတို့နှင့်တွေ့ဆုံကာ ဘဲမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းနောက် အသင်းသား ဒေါ်မြင့်စိန် မွေးမြူထားသော ဘဲခြံသို့သွားရောက်၍ ဘဲမွေးမြူ ထားရှိမှုအခြေအနေ၊ နေ့စဉ်အစာလိုအပ်ချက်နှင့် ဘဲဥထွက်ရှိနှုန်းတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်း

ဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်