လွိုင်လင် ဩဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထု အခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို အပိုင်းသုံးပိုင်းဖြင့် ကျင်းပရာ ပထမပိုင်းအစီအစဉ်တွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ခြင်း၊ အဆိုတင်သွင်းခြင်း ထောက်ခံတင်ပြခြင်းနျင့် အတည်ပြုခြင်းများကို သတ်မှတ်အစီအစဉ်တိုင်းဆောင်ရွက်ခဲ့သည်။ ယင်းနောက် အစီအစဉ် ဒုတိယပိုင်းကို ကျင်းပရာ သဘာပတိက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်နယ်ဦးစီးမှူး နှင့် ပြည်နယ်အသင်းစုဥက္ကဋ္ဌနှင့် မြို့နယ်ဦးစီးမှူးတို့က အသီးသီးရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ငွေစာရင်းရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်ဖတ်ကြားခြင်းကို အသင်းဒါရိုက်အဖွဲ့တာဝန်ရှိသူများက ဖတ်ကြားကြပြီးနောက် သဘောတူညီချက်ရယူကာ သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်ခြင်းနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့သစ်များမှ ကတိသစ္စာခံယူပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
လွိုင်လင်မိုး
ရှမ်းပြည်နယ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်