သာယာဝတီ၊ ဩဂုတ် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သာယာဝတီခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးစီးမံကိန်းဖြင့် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ (၁၅) ရက်ကြာဖွင့်လှစ်ခဲ့သော မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ သာယာဝတီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သာယာဝတီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါ သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် သာယာဝတီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေ အနေများ၊ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံး ပစ္စည်းများပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သာယာဝတီ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် သာယာဝတီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့က သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းမှထွက်ရှိသော ကုန်ချော ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ချုပ်နည်းပညာသင်တန်းကို ဇွန်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၁၆) ရက်နေ့အထိ ပထမအကြိမ်နှင့် မွမ်းမံစက်ချုပ်သင်တန်းကိုလည်း ဇူလိုင်လ(၂၃)ရက်နေ့မှ သြဂုတ်လ(၆) ရက်နေ့အထိ(၁၅) ရက်ကြာ သင်တန်းသား(၁၅)ဦးအား ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့ လက်တွေ့ သင်ကြား ပေးခဲ့ပြီး ၎င်းသင်တန်းသားများထဲမှ အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်