ရမည်းသင်းမြို့နယ် နတ်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်
ရမည်းသင်း သြဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် သိမ်ကုန်းကျေးရွာအုပ်စု၊ နတ်စင်ကျေးရွာ၌ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ၊ စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ ကော်မတီဝင်များ၏ တာဝန်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက လက်စွဲပါစာစောင်နှင့်အညီ ကျေးရွာသူ/ကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင် ခုနစ်ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
သူသူငြိမ်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်