Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှု


07 Aug,2025

ပင်းတယ ဩဂုတ် ၆

             ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပေါစံသီးကျေးရွာအဝင်လမ်း ကျောက်လမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အောက်ခံလမ်းပြုပြင်နေမှု အခြေအနေကို ဩဂုတ် ၅ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

              အဆိုပါ ပေါစံသီးကျေးရွာအဝင်လမ်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၇၈ ဒသမ ၆၁၉ ကျပ်သန်းဖြင့် မေသိင်္ခကုမ္ပဏီက ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်