Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်မှုရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


08 Aug,2025

နေပြည်တော်၊ ဩဂုတ် ၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅)တွင် ပို့ကုန်မြှင့်တင်နိုင်ရေးကဏ္ဍကြီး (၁၈)ခု တွင်ပါဝင်သည့် လက်မှုအနုပညာပစ္စည်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားလုပ်ငန်း အထောက် အကူဖြစ်စေရေးတို့အတွက် လက်မှုရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အစည်းအဝေးသို့ အသေးစားစက်မှုလက်မှုညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ယွန်းပညာကောလိပ် (ပုဂံ)နှင့် ဆောင်ဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံတို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်ရုံးများမှ ခရိုင်ဦးစီးများက video conferencing စနစ်ဖြင့် တက်ရောက်ကြပါသည်။

          ဦးစွာညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ လက်မှုရွာစီမံကိန်းကို ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ယခုအစည်းအဝေးတွင် လက်မှုရွာတည်ထောင်ဆောင်ရွက်နိုင်အတွက် လုပ်ငန်းစဉ်များနှင့် စီမံကိန်းလုပ်ငန်းလက်စွဲစာစောင်တို့အတွက် ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ လက်မှုရွာစီမံကိန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် အချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိမိ အယူအဆနှင့် လုပ်ငန်းများ ဆောင်ရွက်ပါက အဆင်မပြေမှုများရှိပါကြောင်း၊ ထို့ကြောင့် လက်မှုရွာနှင့် စပ်လျဉ်းပြီး မှီငြမ်းရမည့် လက်စွဲစာစောင်ကို ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေကြီးနှင့် ပြည်နယ်များကိုလည်း လုပ်ငန်းစီမံချက် (Plan of Action-POA)ကို ဖြန့်ဝေပြီး ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးကြရ မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်ဦးစီးမှူးများက လက်မှုရွာတည်ထောင်ရာတွင် လိုအပ်သည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းလုပ်ငန်းလက်စွဲစာဆောင်တို့နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး ကြပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်