Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့၌ စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


11 Aug,2025

စေတုတ္တရာ ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၌ စေတနာမွန်ငွေစုငွေချေးသမဝါယမ အသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ် သမဝါယမဦးစီးဌာနရုံးအစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်မှ သဘာပတိဦးမိုးတင်နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင် တို့က အမှာစကားပြောကြားသည်။ ထို့နောက် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ (၁-၄-၂၀၂၄)မှ(၃၁-၃-၂၀၂၅)နေ့ထိ (၁၂)လနှစ်ချုပ်အတွက် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ရှေ့လုပ်ငန်စဉ်များ၊ အရှုံးအမြတ်စာရင်းအမြတ်ခွဲဝေစာရင်း၊ ဘဏ္ဍာရေး အခြေပြလက်ကျန်ရှင်းတမ်းများကို တာဝန်ရှိသူများက ရှင်းလင်းဖတ်ကြားခဲ့သည်။ ယင်းနောက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အသင်းဝင် ကိုယ်စားလှယ်များ၏ ဆန္ဒရယူ၍ သဘာပတိမှအတည်ပြုခဲ့သည်။

ဆက်လက်၍ စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းဝင်များ၏ စုဆောင်းငွေအပေါ်အတိုးချီးမြှင့်ငွေများကို ပေးသဘာကတိအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့အတူ စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းဝင် များ၏ သားသမီးများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ များအား ပညာသင်စရိတ်ကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာငြိမ်း (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်