Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ်၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်


12 Aug,2025

ဘုတ်ပြင်းမြို့နယ်၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်

‎********************************

‎ဘုတ်ပြင်း        ဩဂုတ်       ၁၂

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဘုတ်ပြင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်-၁ ဗိုလ်မှူး ရဲလင်းဦး က ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။

‎‎ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်က သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

‎‎အဆိုပါသင်တန်းတွင် အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည် ၊ ဘက်စုံသုံးဆပ်ပြာရည်၊ လက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာ အမွှေးခဲ၊ ပရုတ်ဆီနှင့် ဖယောင်းတိုင်ထုတ်လုပ်နည်းများကို ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ စာတွေ့လုပ်တွေဖြင့် ၅ ရက်အကြာ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ အမှန်တကယ် စိတ်ပါဝင်စားသည့် သင်တန်းသူ ၂၀ ဦး တက်ရောက် သင်ယူလျက်ရှိကြောင်းသိရသည်။

‎‎အဆိုပါသင်တန်းပြီးမြောက်ပါက သင်တန်းသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းအဖြစ် တဖက်တလမ်းမှ များစွာ အထောက်အကူ ပြုလာမည် ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်