ကျောက်ဆည် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တောတွင်- မယ်ဇယ်တော- ကျားအိုလေး - တုံလုံ ကျေးရွာလေးရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သည်။
အဆိုပါကျေးရွာချင်းဆက်လမ်းသည် အရှည်(၂/၃)မိုင် ရှည်လျားပြီး ယခင်က မြေသား(ကျောက်မှုန့်ဖြူး)လမ်းဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်များနှင့် လူမှု ရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၈၄ ဒသမ ၀၆ သန်း အကုန်အကျခံကာ လမ်းအရှည် ဝ ဒသမ ၃မိုင်အား (၂ လက်မ× ၄လက်မ)ကျောက်များဖြင့် လမ်းထု ၆ လက်မ၊ လမ်းအကျယ် ၁၆ ပေအထိ ကျောက်ချောလမ်းအဖြစ် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက တောတွင်-မယ်ဇယ်တော- ကျားအိုလေး-တုံလုံကျေးရွာမှ အိမ်ခြေ ၂၉၈ အိမ်၊ လူဦးရေ ၂၇၇၈ ဦး တို့၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် အခြားဒေသများနှင့် ဆက်သွယ်ရာ၌ အချိန်တိုအတွင်း လွယ်ကူမြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
(၄၈၅)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်