ပြည် ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် "အောင်မြန်မာ" ရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄- ၂၀၂၅ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် အသင်သားများထံ အစုပေါ်အမြတ်ငွေများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ အဆိုပါအသင်းခန်းမဆောင်၌ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်းဥက္ကဋ္ဌနှင့် အသင်းသူ/အသင်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဒေါ်ကြည်ညွန့်က သဘာပတိအဖြစ်ဆောင်ရွက်ကာ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်းအသင်း၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု၊ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး အတည်ပြုခဲ့ကြသည်။ ဆက်လက်၍ အသင်းသားများထံမှ အကြံပြုချက်များရယူကာ အသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်မြို့နယ် သမဝါယမဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးသက်ပိုင်စိုးက သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမအသင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး ပြည်မြို့နယ် "အောင်မြန်မာ" ရောင်းဝယ်ရေးသမဝါယမ အသင်း၏ အစုပေါ်အမြတ်ငွေကျပ် သိန်း(၄၀)ကို အသင်းသားများထံ လက်ဝယ်အရောက် ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်